ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ဟာ လက်ရှိမှာ သူ့ရဲ့အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်တဲ့ နိုင်ငံရေးအရှုပ်အထွေး တွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ထိုင်းတပ်မတော်ရဲ့ ဒုဗိုလ်ချုပ်ကြီးနဲ့ တွေ့ဆုံဆွေးနွေး သွားမှာ ဖြစ်တယ်လို့ RTL သတင်းမှာ ဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ ကမ္ဘာဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ လျှို့ဝှက်ဖုန်းပြောဆိုခဲ့တဲ့အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက်ပိုင်း ပြည်သူတွေက အမျက်ဒေါသထွက်ကာ ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒထုတ်ဖော်တာတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီဖုန်းခေါ်ဆိုမှုမှာ ပေထုန်တန်ဟာ ကမ္ဘောဒီယားနဲ့ နယ်စပ်ကိစ္စအကြောင်း ဆွေးနွေးခဲ့ပြီး စစ်တပ်ကို ပြိုင်ဘက် အနေနဲ့ ရည်ညွှန်းခဲ့တာကြောင့် သူ့ရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်သွားစေခဲ့ပါတယ်။ ပေထုန်တန်ဟာ ဇွန်လ ၁၉ ရက်မှာ စစ်တပ်နဲ့ ရဲအရာရှိတွေရဲ့ရှေ့မှာ လူထုကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ပေထုန်တန်ရဲ့လုပ်ရပ်ဟာ တပ်မတော်နဲ့နိုင်ငံကို စော်ကားရာရောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြူထိုင်း ပါတီဟာ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ ဇွန်လ ၁၈ ရက်မှာ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနုတ်ထွက်မှုကြောင့် အစိုးရပြိုကွဲမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။