နိုင်ငံစီးပွားရေး တိုးတက်စေဖို့အတွက် နိုင်ငံခြားသားဗီဇာကို ၁၀ နှစ်အထိ ခွင့်ပြုသွားဖို့အပြင် ဗီဇာနဲ့ ၉၉ နှစ် မြေပိုင်ဆိုင်ခွင့်ပေးဖို့ လုပ်ဆောင်နေကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားလာတာကို Bangkok Post သတင်းမှာ ရေးသားထားပါတယ်။မကြာသေးမီက ပြုလုပ်ခဲ့တဲ့ “ Thailand’s Capitl Market Forum 2025” မှာ အခုလို ထိုင်းဒုတိယဝန်ကြီးချုပ်က ကြေညာခဲ့တာဖြစ်ပါတယ်။

အခုခွင့်ပြုပေးမယ့် ဗီဇာမူဝါဒက ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်လိုသူတွေ၊ အလုပ် လုပ်ကိုင်သူတွေနဲ့ အနားယူလိုသူ နိုင်ငံခြားသားတွေတွက် အထူးအခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပြီး နိုင်ငံပိုင် မြေတွေကို ၉၉ နှစ်အထိ ငှားခွင့်ပေးဖို့ ဆောင်ရွက်နေမှုကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင် ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒီစီမံချက်တွေကို ဝန်ကြီးချုပ် ပေတုန်ထန် ဦးဆောင်တဲ့ စီးပွားရေးအဖွဲ့ကော်မတီမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါ တယ်။

စီမံချက် အောင်မြင်ရင် ထိုင်းစီးပွားရေးဖွံ့ဖြိုးရေးမှာ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ထပ်မံအားဖြည့် နိုင် မှာဖြစ်ပြီး စီးပွားရေးစီမံကိန်းတွေအတွက် ပြောင်းလဲမှု ကြီးမားစေမယ်လို့လည်း ထိုင်းအစိုးရက မျှော်မှန်းထားပါ တယ်။ဒါ့အပြင် ထိုင်းနိုင်ငံကို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးမှာဖြစ်ပြီး သဘာ၀စိုက်ပျိုးရေးလုပ်ငန်း တွေ အပါအဝင် စီးပွားရေးအခွင့်အလမ်း အသစ်တွေကိုလည်း ဖန်တီးနိုင်မယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်က ပြောထားပါတယ်။ ထိုင်းအစိုးရက ဆောင်ရွက်မဲ့ အခုစီမံချက်တွေ အပါအဝင် မဟာဗျူဟာတွေက နိုင်ငံတကာ စီးပွားရေးဖိအားတွေ ကို ကျော်ဖြတ်နိုင်ပြီး ပြည်တွင်းစီးပွားရေးကို ပြန်လည်တိုးတက်လာစေမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။