ထိုင်းအစိုးရဟာ အီးစီးကရက် ဒါမှမဟုတ် vapes သောက်သုံးမှုတွေနဲ့ ပတ်သက်လို့ မကြာသေးမီက ပြတ်ပြတ် သားသားအရေးယူပြီးနောက် တရားမဝင်ပစ္စည်းတွေကို ဖမ်းမိရင် ဘယ်သူမဆို ထောင်ဒဏ်ငါးနှစ်အပြင် ဒဏ်ငွေများစွာ ချမှတ်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တရားဝင် မိုဘိုင်းအက်ပလီကေးရှင်းတွေ ကနေတစ်ဆင့် vape အသုံးပြုသူတွေ ဒါမှမဟုတ် ရောင်းချသူတွေကို တိုင်ကြားနိုင်တယ်လို့လည်း ပြည်သူ တွေကို အသိပေး တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ E-Cigarette သောက်သုံးတာနဲ့ ရောင်းချတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းက ထုတ်ကုန်ကို တရားဝင်ခွင့်ပြုပေးခဲ့ပေမယ့် အခုအခါ vaping ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားတယ်လို့ The Standard နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါ တယ်။ သူမရဲ့ဦးဆောင်မှုအောက်မှာ အစိုးရက သက်ဆိုင်ရာဌာနတွေနဲ့အတူ အီးစီးကရက်တွေ အထူးသဖြင့် ထိုင်းဆယ်ကျော်သက်တွေနဲ့ ကလေးသူငယ်တွေအကြား တိုးမြင့်သုံးစွဲမှုကို တုံ့ပြန်ဖို့အတွက် အီး-စီးကရက်ကို ဆန့်ကျင်တဲ့လုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့တာပါ။

ဝန်ကြီးဌာနက အီး-စီးကရက် ဖြန့်ဖြူးတာကို တိုက်ဖျက်ဖို့အတွက် လူမှုနားဆင်ရေး ကိရိယာကို အသုံးပြုထားပြီး ထိုင်းနိုင်ငံတစ်ဝန်းမှာ vape ရောင်းချသူတွေနဲ့ တင်သွင်းသူတွေကို မကြာသေးမီက ဆက်တိုက် နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ vapes ဒါမှမဟုတ် vape ဖျော်ရည်ရောင်းချသူတွေက စားသုံးသူအကာအကွယ်ပေးရေး အက် ဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ်သုံးနှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၆၀၀,၀၀၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။