ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို မတ်လ ၂၆ ရက်က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဒီအဆို ရှုံးနိမ့်ခဲ့တယ်လို့ Al Jazeera သတင်းမှာ ဖော်ပြပါတယ်။ဒီအယုံအကြည်မရှိအဆိုအပေါ် ထောက်ခံမဲ ၁၆၂ မဲ၊ ကန့်ကွက်မဲ ၃၁၉ မဲနဲ့ မဲမပေးတဲ့ ကိုယ်စားလှယ် ၇ ယောက်ရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက်နူးမာသ ကရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

ပေတုန်တန် ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို အတိုက်အခံဖြစ်တဲ့ ပြည်သူ့ပါတီအမတ်တွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ပေတောင်တန်ဟာ အုပ်ချုပ်မှုအတွေ့အကြုံမရှိသလို အစိုးရအဖွဲ့ကို ထိရောက်အောင် ဦးမဆောင်နိုင်ဘူးလို့ စွပ်စွဲထားပါတယ်။ပေတုန်တန်ဟာ စီးပွားရေးနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် ပျက်ကွက်မှုတွေအပြင် အခွန်ရှောင်မှုတွေလည်း ရှိတယ်လို့ စွပ်စွဲခံထားရတာပါ။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဝန်ကြီးချုပ်တာဝန် စယူစဉ်တည်းက ပေတုန်တန်အတွက် အခုအကြိမ်ဟာ ပထမဆုံး အယုံအကြည်မရှိအဆို တင်သွင်းခံရတာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပေတုန်တန် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လမှာ ပါလီမန် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက်ဝန်ကြီးချုပ် ဖြစ်လာတာပါ။