ယာဉ်မောင်းတွေရဲ့ အချိန်နဲ့ ငွေ ကုန်ကျမှုကို သက်သာစေဖို့ ထိုင်း လွှတ်တော်က ယာဉ်မောင်းတွေ လူတွေ့ အစစ် ဆေးခံစရာ မလိုဘဲ အွန်လိုင်းကနေ ယာဉ်မောင်းလိုင်စင်ကို သက်တမ်းတိုးနိုင်မယ့် ဥပဒေကို ထိုင်း လွတ်တော်မှာ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း Thaiger သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီစနစ်ကို လာမယ့်လတွေအတွင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး ထိုင်းရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒစ်ဂျစ်တယ်စနစ်နဲ့ အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။

အခု စနစ်အသစ်မှာ ကျန်းမာရေး ကောင်းသူတွေဟာ သူတို့ရဲ့ လိုင်စင်တွေကို အွန်လိုင်းကနေ သက်တမ်းတိုးနိုင်မှာ ဖြစ်ပြီး ကားမောင်းပြတာနဲ့ မျက်လုံး စစ်ဆေးတာတွေ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ကုန်းလမ်း သယ်ယူပို့ဆောင် ရေး ဝန်ကြီးဌာန(DLT)က အွန်လိုင်းကနေ လိုင်စင်သက်တမ်းတိုးနိုင်မယ့် အသက်အရွယ်အပိုင်းအခြားနဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်တွေကိုတော့ မပြောသေးပါဘူး။ အဲဒီလိုအပ်ချက်တွေကို DLT ရဲ့ ဒါရိုက်တာက သတ်မှတ်မှာ ဖြစ်ပါတယ်။