ကမ္ဘောဒီးယားနဲ့ တိုက်ပွဲကြောင့် အရပ်သား တစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ထိုင်းအစိုးရက ပြောကြားလာပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအကြား ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားမှုမှာ ဂျက်လေယာဉ်တွေ၊ အမြောက်တွေ၊ တင့်ကားတွေနဲ့ မြေပြင်တပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဆယ်စုနှစ်အတွင်း သွေးထွက်သံယို အပြင်းထန်ဆုံး နယ်စပ်တိုက်ပွဲတွေ ကြောင့် လူပေါင်း တစ်သိန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ထိုင်းအစိုးရက အတည်ပြု ထုတ်ပြန်ထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားအကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တိုက်ပွဲတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။လက်ရှိမှာ နယ်စပ်ပြည်နယ်လေးခုက လူပေါင်း ၃၀၀,၀၀၀ ကျော်ကို ယာယီ ခိုလှုံရေးစခန်း ၃၀၀ နီးပါးဆီ ရွှေ့ပြောင်းထားရပြီး သေဆုံးသူ ၁၄ ယောက်ထိ ရှိခဲ့ရာမှာ အရပ်သား ၁၃ ယောက်အထိ မြင့်တက်လာတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။နယ်စပ်ကနေ ကီလိုမီတာ ၂၀ ကွာဝေးတဲ့ ကမ္ဘောဒီးယားနိုင်ငံ Samraong မြို့ကို ရောက်ရှိနေတဲ့ AFP သတင်း ထောက်တွေကလည်း အဝေးကနေ လက်နက်ကြီး ပစ်ခတ်သံတွေကို ဒီကနေ့ ဇူလိုင် ၂၅ ရက် သောကြာနေ့ မနက်ပိုင်းမှာ ကြားသိခဲ့ရတယ်လို့ သတင်းပေးပို့ထားပါတယ်။