ကမ္ဘာလှည့် ခရီးသွားတွေ စည်ကားရာ နယ်မြေ ၄ခုမှာ နိုင်ငံရဲ့ တရားဝင် ကာစီနိုရုံတွေ ဖွင့်လှစ်သွားမယ်လို ထိုင်းအစိုးရက ကြေညာခဲ့တာကို The Nation Thailand သတင်းမှာရေးသားထားပါတယ်။ထိုင်းအစိုးရက အဲ့ဒီကြေညာချက်မှာ ကာစီနို ဖျော်ဖြေရေး ဇုန်နေရာတွေကို ဘန်ကောက်၊ ချောင်ဘူရီ၊ ချင်းမိုင်နဲ့ ဖူးခက်တိုမှာ စတင် တည်ဆောက်သွားမယ်လို ဆိုပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်မှုများပြားတဲ့ နေရာတွေ ဖြစ်တာကြောင့်လည်း အဲဒီ ၄နေရာကို ရွေးချယ်ဖြစ်ခဲ့တာလို ဖျော်ဖြေရေး ရပ်ဝန်းများ ထူထောင်ရေး ပရောဂျက်ရဲ့ ဒုတိယဥက္ကဋ္ဌနစ်ခွမ်ဘွန်ဝီဆက်က မတ်လ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ထိုင်းအစိုးရက ပြည်တွင်းမှာ လောင်းကစားနဲ့ ကာစီနို လုပ်ငန်းတွေကို တရားဝင် ခွင့်ပြုပေးဖို လက်ခံခဲ့ပြီး နှစ်လ အကြာမှာ အခုလိုမျိုး နေရာရွေးချယ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ဖျော်ဖြေရေး ဇုန်တွေအတွက် ဘတ် ၅၀၀ ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် အသုံးပြုမယ့် ပရောဂျက်တွေ လျာထားပြီး နှစ်စဉ် ခရီးသွား သန်း ၅၀ လောက်ကို ဆွဲဆောင်နိုင်ဖိုနဲ့ လူပေါင်း ၄၀၀၀၀ ကျော်လောက်ကို အလုပ်နေရာ ဖန်တီးပေးနိုင်ဖို မျှော်လင့် ထားတယ်လို ထိုင်းအစိုးရက ဆိုပါတယ်။