Airbnb.org က မကြာသေးမီက ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ထိုင်းနိုင်ငံအတွက် ယာယီအိမ်ရာတွေ အခမဲ့ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ Thaiger သတင်းမှာ ရေးသားထားပါတယ်။ အဲဒီအဖွဲ့အစည်းက Bangkok Metropolitan Administration(BMA)နဲ့ ဒေသခံ အကျိုးအမြတ်မယူတဲ့ NGO တစ်ခုဖြစ်တဲ့ Zendai Foundation နဲ့ လက်တွဲပြီး လူအများအပြားအတွက် နေထိုင်စရာနေရာတွေကို ချိတ်ဆက်ပေးသွား မှာဖြစ်ပါတယ်။

လက်ရှိမှာ Airbnb.org က BMA နဲ့ Zendai ဖောင်ဒေးရှင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အရေးပေါ် အိမ်ရာ လိုအပ်နေသူတွေကို ခွဲခြားသတ်မှတ်ကာ အခမဲ့ Airbnb.org မှာ ၁၄ ရက်အထိ နေထိုင်နိုင်ဖို့ ကူညီပေးနေပါ တယ်။ နေအိမ်တွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတာ ဒါမှမဟုတ် ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းတာခံရသူတွေ၊ ပထမ ဦးစွာ တုံ့ပြန်သူတွေနဲ့ ဘန်ကောက်ရှိ ပျက်စီးမှုအပြီး စစ်ဆေးရေးတွေကို ကူညီပေးနေတဲ့ နည်းပညာဆိုင်ရာ စေတနာ့ဝန်ထမ်းတွေကို အထူးအာရုံစိုက် ဆောင်ရွက်ထားပါတယ်။Airbnb.org ဆိုတာက အကျပ်အတည်းဖြစ်နေချိန်မှာ လူတွေအတွက် အရေးပေါ်အိမ်ရာတွေကို ချိတ်ဆက် ပေးတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။