ASEAN-China Centre (ACC) နဲ့ China International Communications Group (CICG)တို့ပူးပေါင်းပြီး 2025 ASEAN-China Media Cooperation Forum ကို တရုတ်နိုင်ငံ Henan ပြည်နယ်၊ Luoyang မြို့မှာ ကျင်းပခဲ့ပါ တယ်။2025 ASEAN-China Media Cooperation Forum ကို မေလ ၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက် ကျင်းပခဲ့တာပါ။ ဒီဖိုရမ်နဲ့ဆက်စပ်ပြီး Henan ပြည်နယ် လေ့လာရေးခရီးစဉ်ကိုလည်း မေလ ၂၆ ရက်ကနေ ၂၈ ရက်အထိ စီစဉ် ပေးခဲ့တယ်လို့ သိရပါတယ်။

ACC နဲ့ CICG တို့ ပူးတွဲကျင်းပတဲ့ အဲဒီဖိုရမ်ကို “ဒေသတွင်း ဆက်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ AI စွမ်းအားကို အသုံးချခြင်း”ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကို အစိုးရ တာဝန်ရှိသူတွေ၊ မီဒီယာပညာရှင်တွေ၊ သံတမန်တွေ၊ အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံက လူငယ်ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း လူ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ဖိုရမ်မှာ နည်းပညာပိုင်း ကို ဦးစာပေးဆွေးနွေးခဲ့ပြီး ဉာဏ်ရည်တုက ဆက်သွယ်ရေးနဲ့ ဒေသတွင်းမီဒီယာ ပူးပေါင်းဆောင်ရွက်မှုအတွက် စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေကို ဘယ်လိုပြောင်းလဲနေတယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။