ကမ္ဘာ့ရေးရာကိစ္စတွေမှာ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံထက် ပိုမိုအပြုသဘောဆောင်ပြီးဩဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံအဖြစ် မလေးရှားအပါအဝင် ကမ္ဘာတစ်ဝှမ်းကလူတွေက ရှုမြင်လာကြပါတယ်။

Ipsos ရဲ့နိုင်ငံတကာစစ်တမ်းအရ လူ ၁၀၀ မှာ ၄၉ ယောက်ဟာ တရုတ်အပေါ်အကောင်းမြင်ကြောင်းဖော်ပြထားပါတယ်။ အမေရိကန်ကိုအကောင်းမြင်တဲ့ ၄၆ ရာခိုင်နှုန်းထက်ကျော်လွန်သွားတာဖြစ်ပါတယ်တယ်။ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်ရဲ့ကမ္ဘာ့အပေါ်ဩဇာလွှမ်းမိုးမှုကို အမေရိကန်ထက်ပိုမိုအသိအမှတ်ပြုခံရတဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒီတွေ့ရှိချက်စစ်တမ်းကြောင့် အမေရိကန်အပေါ်မှာ သူ့ရဲ့မဟာမိတ်နိုင်ငံတွေက ယုံကြည်မှုသိသိသာသာကျဆင်းသွားပါတယ်။ ဒီအထဲမှာ ဂျပန် တောင်ကိုရီးယားနဲ့ ကနေဒါနိုင်ငံတို လည်း ပါဝင်ပါတယ်။မလေးရှားမှာတော့အမေရိကန်အပေါ်အကောင်းမြင်မှုဟာ ၄၉ ရာခိုင်နှုန်းကိုဖြည်းဖြည်းချင်းလျော့ကျသွားပေမဲ့စင်ကာပူနဲ့ တောင်ကိုရီးယားထက်တော့သာနေတာဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ တရုတ်နိုင်ငံကတော့ မလေးရှားနိုင်ငံသားတွေအပြင် ဒေသတွင်းနိုင်ငံသားတွေရဲ့ထောက်ခံမှုတွေကိုဆက်လက်ရနေပါတယ်။ဆက်လက်ပြီး အမေရိကန်ရဲ့ ဂုဏ်သိက္ခာ က တစ်ဖြည်းဖြည်းဆိုးလာနေတယ်လို Ipsos ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။အကြောင်းကတော့ ကောက်လာနိုင်တဲ့အခွန်သစ်တွေနဲ့ အရှိန်မြင့်လာတဲ့ကုန်သွယ်ရေးစစ်ပွဲအပေါ်လူတွေစိုးရိမ်လာကြလိုပါ။ ဒီကုန်သွယ်ရေးစစ်ပွဲက စီးပွားရေးလုပ်ငန်းတွေကိုဖရိုဖရဲဖြစ်သွားစေပါတယ်။ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သုံးစွဲသူယုံကြည်မှုလျော့ကျလာပေမယ့်မလေးရှားနိုင်ငံသားတွေကတော့သူတိုနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး အကောင်းမြင်နေဆဲဖြစ်ပါတယ် ။