မလေးရှားလေကြောင်းလိုင်းမှာ လိုက်ပါစီးနှင်းမယ့် သူတွေအားလုံး ဧပြီ ၁ ရက်နေ့ကစပြီး လေယာဉ်ပေါ်မှာ ပါဝါဘဏ်အသုံးပြုခွင့် မပေးတော့ကြာင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။ မလေးရှား လေကြောင်းလိုင်းဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်ကစတင်ကာ လေယာဉ်ခရီးစဉ်တွေအတွင်း ပါဝါဘဏ်(Power Bank)အသုံးပြုတာကို တားမြစ်သွားမှာ ဖြစ်ပါတယ်။

စည်းမျဉ်းအသစ်အရ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ပါဝါဘဏ်အသုံးပြုတာ ဒါမှမဟုတ် အားသွင်းတာ တွေ ပြုလုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ ပါဝါဘဏ်တွေကို လက်ဆွဲအိတ်ထဲမှာသာ သယ်ဆောင်ခွင့် ပြုမှာ ဖြစ်ပြီး ထိုင်ခုံအောက်ရှိ အိတ်ထဲ ဒါမှမဟုတ် ရှေ့ထိုင်ခုံအိတ်ကပ်ထဲမှာ သိမ်းဆည်းထားနိုင်ပေမဲ့ အပေါ်ဘက် သိုလှောင်ခန်းတွေမှာတော့ ထည့်ခွင့်မပြုပါဘူး။ ပိတ်ပင်ရတဲ့ရည်ရွယ်ချက်ကတော့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေနဲ့ ဆက်စပ်နိုင်တဲ့ မီးဘေးအန္တရာယ်တွေကို လျှော့ချပြီး ဘေးကင်းလုံခြုံရေးကို အကောင်အထည် ဖော် ဆောင်ဖို့အတွက် ဖြစ်ပါတယ်။