လာအိုပြည်သူ့တပ်မတော်နဲ့ ကမ္ဘောဒီးယားတော်ဝင်တပ်မတော်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင်မှု ပြုလုပ်ခဲ့ ကြောင်း VNS သတင်းမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှုနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမှုနဲ့ ညီညွတ်မှုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။လာအိုပြည်သူ့တပ်မတော်နဲ့ကမ္ဘောဒီးယားတော်ဝင်တပ်မတော်က အရာရှိတွေနဲ့စစ်သည်တော်တွေဟာ တောင် ပိုင်းလွတ်မြောက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ်(၅ဝ)ပြည့် အထိမ်းအမှတ်ပွဲအတွက် စစ်ရေးလေ့ကျင့် မှုတွေ စတင်ဖို့ Bình Dương ပြည်နယ်ကို ရောက်ရှိလာတာပါ။ဒီပွဲမှာ ပါဝင်လာတာဟာ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးမှုနဲ့ ညီညွတ်မှုကို ထင်ရှားစေရုံသာမက လာအိုနဲ့ ကမ္ဘော ဒီးယားပြည်သူတွေအတွက် ဗီယက်နမ်ရဲ့လွတ်လပ်ရေးသမိုင်းကို အမှတ်တရဖြစ်စေနိုင်မဲ့ အခွင့်အလမ်းတစ်ရပ် လည်း ဖြစ်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုအတွင်း ဗီယက်နမ်တပ်ဖွဲ့တွေအပြင် တရုတ်၊ လာအိုနဲ့ ကမ္ဘောဒီးယား တပ်ဖွဲတွေလည်း ပါဝင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ဧပြီလ ၃၀ ရက် ဟိုချီမင်းမြို့တော်မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ နှစ်(၅ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားဟာ သမိုင်းဝင်လောက်အောင် ကြီးမားတဲ့ အခမ်းအနားဖြစ်လာမှာ ဖြစ်တယ်လို့ VNS သတင်းမှာ ဖော်ပြထားပါတယ်။