၂၀၁၄ ခုနှစ်က ယူကရိန်းဝေဟင်မှာ ပစ်ချခံရတဲ့ မလေးရှားလေကြောင်းပိုင် အမ်အိတ်ချ် ၁၇ လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့လူတွေနဲ့သူတိုရဲ့မိသားစုတွေအတွက် တရားမျှတမှုနဲ့ဖြေရှင်းချက်ကို ရှာဖွေမယ်ဆိုတဲ့ရပ်တည်ချက်ကို မလေးရှားက ဆက်ပြီးဆုပ်ကိုင်ထားတယ်လို မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့နိုင်ငံရေးအကြံပေး မဟာမက်ကမီးလ်က ပြောပါတယ်။

ဒါ့ကြောင့်ဒီအရေးကိစ္စကိုမလေးရှားကအမြော်အမြင်ရှိရှိ အရေးယူဆောင်ရွက်ဖို လိုအပ်တယ်လို သူကပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်ရဲ့မော်စကိုအလည်အပတ်ခရီးစဉ် မတိုင်ခင်တစ်ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာအရပ်ဘက် လေကြောင်းပျံသန်ရေးအဖွဲရဲ့နောက်ဆုံးအစီရင်ခံစာမှာ ဒါက ရုရှားရဲ့လက်ချက်ဖြစ်တယ်လို ဆုံးဖြတ်ထားတယ်။ ဒါ့ကြောင့် တရားမျှတမှုရှိစေရေးအတွက် ဒီအချက်ကထည့်သွင်းစဉ်းစားရမယ့်အချက်ပါပဲလို ဆိုပါတယ်။

မလေးရှားအနေနဲ့ အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ပညာရှိရှိ လုပ်ဆောင်ဖို လိုအပ်တယ်လို မလေးရှားဝန်ကြီးချုပ်ရဲ့နိုင်ငံရေးအကြံပေးက ပြောပါတယ်။ ဒီကိစ္စကို နိုင်ငံရေးကိစ္စလို မမှတ်ယူသင့်ဘဲလက်ရှိအချိန်မှာ အရေးကြီးဆုံးက ဒီကိစ္စကြောင့်ဖြစ်လာတဲ့ပြဿနာကို နည်းလမ်းရှာပြီးဖြေရှင်းဖိုဖြစ်တယ်လိုမလေးရှားဝန်ကြီးချုပ်က မေ ၁၆ ရက်က ထုတ်ဖော်ပြောကြားလာပါတယ်။