ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ဧပြီ ၂၉ ရက်က ဗီယက်နမ်စစ်ပွဲပြီးဆုံးခြင်း နှစ်(၅၀)ပြည့်အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဟိုချီမင်းမြို့မှာ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးကြောင်း ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားအပြင် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခတွေရဲ့ အဆုံးအဖြတ်ကို နိဂုံးချုပ်စေမယ့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာပါ။

ကွန်မြူနစ်ဦးဆောင်တဲ့ မြောက်ဗီယက်နမ်က အမေရိကန်ကျောထောက်နောက်ခံပြု တောင်ပိုင်းမြို့တော် ဆိုင်ဂုံ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲ ပြီးဆုံးတဲ့ အထိမ်းအမှတ်အဖြစ် ဟိုချီမင်းမြို့ကို ဂုဏ်ပြုတဲ့အနေနဲ့ သမိုင်းဝင် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲနဲ့ နိုင်ငံ့ထိပ်တန်းခေါင်းဆောင် တိုလမ်က “ဗီယက်နမ်နိုင်ငံဟာ အမြဲတမ်း ပြည်သူလူထုနဲ့တစ်သားတည်းကျပြီး စည်းလုံးညီညွတ်ကြောင်း ပြောကြားထားသလို သူပြောခဲ့တဲ့ အဲဒီအမှန် တရားက မြစ်ချောင်းတွေ ခန်းခြောက်နိုင်ပြီး တောင်တန်းတွေ ပြိုကျနိုင်ပေမယ့် ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဖူးလို့ ကြွေးကြော်ထားပါတယ်။

အနှစ် ၂၀ ကြာမြင့်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ ဗီယက်နမ်လူမျိုး ၃ သန်းနဲ့ အမေရိကန်လူမျိုး ၆၀,၀၀၀ နီးပါး သေဆုံးခဲ့ ပါတယ်။ဗီယက်နမ်နဲ့ အမေရိကန်တို့ဟာ ၁၉၉၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေးကို ပုံမှန်ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဟနွိုင်းမြို့ကို အလည်အပတ်ရောက်ရှိခဲ့ကာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။