အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ်လုပ်သွားမယ့် ဖိလစ်ပိုင်ရဲ့ဆုံးဖြတ်ချက်ကို ဒေသတွင်း နိုင်ငံတွေက သဘောမတူဘဲ ကန့်ကွက်နေကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား နှစ်စဉ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၁ ရက်မှာ စတင်ခဲ့တာပါ။

တောင် တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ အငြင်းပွားနေချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်တာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေရှိနေပေမယ့် ဖိလစ်ပိုင်ဟာ ဒေသတွင်းတည်ငြိမ်မှုနဲ့ စီးပွားရေးအလားအလာတွေ ထိခိုက်အောင် အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါကို ဒေသ တွင်း နိုင်ငံတွေက ကန့်ကွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြော ကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်တိုင်ပေပြဿနာကလည်း တရုတ်ရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး တရုတ်ရဲ့ အကျိုးစီးပွားအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တင်းမာမှုတွေနဲ့ ထိပ်တိုက်ထိ တွေ့မှုတွေ ပိုများအောင်လုပ်ပြီး ဒေသတွင်း စစ်အင်အားချထားမှု ခိုင်မာအောင်နဲ့ ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးကို ပျက်ပြားအောင် တရုတ်တိုင်ပေပြဿနာကို ဆင်ခြေအဖြစ်သုံးနေတဲ့ ဘယ်နိုင်ငံကိုမဆို တရုတ်က အခိုင်အမာကန့်ကွက်တယ်လို့လည်း အလေးပေးပြောကြားသွားခဲ့ပါတယ်။