ဖိလစ်ပိုင်နိုင်ငံမှာ မေလ ၁၂ ရက်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပြီး အဲဒီရွေးကောက်ပွဲဟာ သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာနဲ့ မိတ်ဆွေကနေရန်သူဖြစ်လာသူ ဒုသမ္မတ ဆာရာဒူတာတေးတို့အကြား စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲတစ်ခုအဖြစ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

မစ္စဒူတာတေးနဲ့ မစ္စတာမားကို့စ်တို့ဟာ အမတ်နေရာ ၁၈၀၀၀ ကျော်အတွက် မဲစာရင်းမှာ မပါဝင်ပေမယ့် သူတို့ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းအတွက် အပြင်းအထန် မဲဆွယ်ခဲ့ကြပါတယ်။ သမ္မတမားကို့စ်အတွက် သူ့ရဲ့မူဝါဒအစီအစဉ်တွေ၊ သူ့ရဲ့အမွေအနှစ်နဲ့ ၂၀၂၈ ခုနှစ်မှာ သမ္မတရာထူး ဆက်ခံရဖို့တွေက မဲရလဒ်အပေါ် မူတည်နေပါတယ်။မစ္စဒူတာတေးအတွက်ကတော့ ရာထူးက ဖယ်ရှားခံရနိုင်တဲ့ စွဲချက်နဲ့အတူ ဖခင်ဖြစ်သူ ရော့ဒရီဂို ဒူတာတေးရဲ့ လမ်းစဉ်ကို လိုက်ရနိုင်တဲ့အတွက် သူမရဲ့နိုင်ငံရေးဘဝဟာ မဲရလဒ်ပေါ်မူတည်ပေမဲ့ ဆက်လက်တည်တံ့မှု ရှိမရှိ ဆုံးဖြတ်ခံရနိုင်ပါတယ်။

ဒေသခံမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ မဲပေးတဲ့လုပ်ငန်းစဉ်ကို မနက် ၅ နာရီကနေ ည ၇ နာရီအထိ ဆောင်ရွက် မှာဖြစ်ပြီး မဲရေတွက်စက်တွေ ချို့ယွင်းမှုကြောင့် အချို့နေရာတွေမှာ နှောင့်နှေးမှုတွေ ဖြစ်ခဲ့တာကလွဲပြီး ပုံမှန် အတိုင်းဆောင်ရွက်နေတယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။