ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေ၊ အေအိုင်နည်းပညာနယ်ပယ်က တိုးတက်မှုတွေ အပါအဝင် ပထဝီ နိုင်ငံရေးတင်းမာမှုတွေနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တွေ အသင့်ရှိနေကြောင်း The Straits Times သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

စွန့်စားမှုအကြံပေးလုပ်ငန်းစုခရိုးလ်ရဲ့ ပထမအကြိမ်ထုတ်ဝေတဲ့ စစ်တမ်းအရ စစ်တမ်းဖြေကြားသူ ၄၈ ရာခိုင်နှုန်း က အဲဒီအခက်အခဲတွေအတွက် သူတို့ စနစ်တကျပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်အထိ စီးပွားရေး လုပ်ငန်းရှင်အဖွဲ့တွေ ရင်ဆိုင်ရမယ့် အဓိက အခက်အခဲတွေထဲက တစ်ခုဖြစ်တဲ့ စည်းကြပ်ခွန်ပြဿနာလိုပထဝီနိုင်ငံရေးတင်းမာမှုတွေကို ဒီစစ်တမ်းက မီးမောင်းထိုးပြသနေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ကုန်သွယ်ရေးမှာ စင်ကာပူက အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ကုန်သွယ်ရေးလိုငွေ ပြနေ တယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားပြုဌာနက ပြောပါတယ်။အခွန်ကောက်ခံမှုတွေနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာမှာကို မလိုလား ပါဘူး။ ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်လို့ စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပြောကြားထားပါတယ်။