နယ်စပ်အငြင်းပွားမှုကြောင့် တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံက လောင် စာဆီ တင်သွင်းမှုကို ရပ်ဆိုင်းထားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ဒီကနေ့ ဇွန်လ၂၃ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

ထိုင်း၊ကမ္ဘောဒီးယားနဲ့လာအိုတို့ ၃ နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေပြီး Emerald Triangle လို့ခေါ်တဲ့ နယ်မြေမှာ မေလက ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်လို့ ကမ္ဘောဒီးယား စစ်သားတွေ သေခဲ့ရတဲ့နောက်ပိုင်းမှာ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ခဲ့တာပါ။ ဒီနေ့ ဇွန်လ၂၃ ရက် ညသန်းခေါင်ကစပြီး ထိုင်းနိုင်ငံက လောင်စာဆီနဲ့ဓာတ်ငွေ့တင်သွင်းမှု အားလုံးကို ရပ်ဆိုင်းမှာဖြစ်ပြီး နိုင်ငံရဲ့လောင်စာဆီနဲ့ဓာတ်ငွေ့ လိုအပ်ချက်ကို ပြည့်မီဖို့ စွမ်းအင်ကုမ္ပဏီတွေအနေနဲ့ တခြားအရင်းအမြစ်တွေကနေ အလုံအလောက်တင်သွင်းနိုင်မယ်လို့ ဟွန်မန်နက်က ပြောခဲ့ပါတယ်။

နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီး ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်တချို့မှာ ကန့်သတ်ချက် တွေကို ချမှတ်ခဲ့သလို ကမ္ဘောဒီးယားကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဇွန် ၂၂ ရက်မှာ နယ်စပ်ဖြတ်ကျော် ဂိတ် ၂ ခုကို ပိတ်ပစ်ခဲ့တယ်။ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံသားတွေ ထိုင်းနိုင်ငံကို မလိုအပ်ဘဲ ခရီး မသွားဖို့ တိုက်တွန်းထားပါတယ်။ ထိုင်းကောင်စစ်ဝန်ရုံးကလည်း ကမ္ဘောဒီးယားမှာရှိတဲ့ ထိုင်းနိုင်ငံသား တွေကို ဆန္ဒထုတ်ဖော်တဲ့ ဧရိယာတွေဆီ မသွားဖို့ သတိပေးထားပါတယ်။