စင်ကာပူနိုင်ငံ Changi လေဆိပ်ဟာ (၁၃)ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် လေကြောင်းသယ်ယူ ပိုဆောင်ရေး အဆင့်သတ်မှတ်ရေးအဖွဲအစည်း Skytrax က သတ်မှတ်လိုက်ကြောင်း CNN သတင်းမှာ ဖော်ပြလာ ပါတယ်။

Changi လေဆိပ်မှာ ၂၀၂၄ ခုနှစ်အတွင်းက လူသန်း ၈၀ ဝင်ရောက်ခဲ့တဲ့လေဆိပ်တစ်ခု ဖြစ်သလို ကြီးမားတဲ့နေရာ ထိုင်ခင်းတွေ၊ စည်ကားလှတဲ့ဈေးဝယ်စင်တာတွေကြောင့် လူသိများ ကျော်ကြားတဲ့ လေဆိပ် တစ်ခု ဖြစ်ပါတယ်။ ပြတိုက်တစ်ခု၊ မိုးလုံလေလုံဥယျာဉ်တွေနဲ့ ပေ ၁၃၀ မြင့်တဲ့ အကြီးဆုံး မိုးတွင်းရေတံခွန် Rain Vortex ရှိတဲ့အပြင် Spa တွေ၊ ဟိုတယ်တွေ၊ အနုပညာပြပွဲတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ဒိုင်နိုဆော အပန်းဖြေဥယျာဉ်တစ်ခုလည်းရှိတာ ကြောင့် ခရီးသွားတွေအတွက် အပန်းဖြေစရာ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဧပြီလ ၉ ရက်က စပိန်နိုင်ငံ Madrid မြိုမှာ ကျင်းပတဲ့ World Airport Awards မှာ Changi လေဆိပ်ကို World’s Best Airport Dining ၊ World’s Best Airport Washrooms နဲ့ Asia Best Airport Awards တိုကို ချီးမြှင့်ခဲ့ပါ တယ်။ Changi လေဆိပ်ကို လာမယ့် ခြောက်နှစ်အတွင်း ဝန်ဆောင်မှုအသစ်တွေနဲ့ အဆောက်အဦတွေ ပိုမို ကောင်းမွန်လာစေဖိုအတွက် ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတယ်လို လေဆိပ်တာဝန်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။