Samsung Electronics ရဲ့ နောက်ဆုံးပေါ် မျက်နှာပြင် ခေါက်နိုင်တဲ့ စမတ်ဖုန်းမော်ဒယ်သစ် Galaxy Z Fold 6 နဲ့ Galaxy Z Flip 6 တို့ကို ထုတ်ဖော်ပြသခဲ့ပြီး ပရီမီယံဈေးကွက်မှာ Apple ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်တဲ့အနေနဲ့ အားကောင်းတဲ့ AI လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ Samsung ဟာ Galaxy Buds နားကြပ်တွေနဲ့ ချိတ်ဆက်တဲ့အခါ အသံနဲ့ တစ်ပြိုင်နက် အဓိပ္ပာယ်ရှင်းပြပေးတဲ့ listening mode အပါအဝင် AI လုပ်ဆောင်ချက် အသစ်တွေ ပေးအပ်ထားပါတယ်။

သင်္ချာပုစ္ဆာကို အဆင့်လိုက် အဖြေထုတ်ပြတာ အပါအဝင် Google ရဲ့ AI ရှာဖွေ မှု လုပ်ဆောင်ချက်အသစ်တွေလည်း သုံးစွဲနိုင်ပါတယ်။ ကမ္ဘာ့အကြီး ဆုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung ဟာ ၂၀၁၉ ခုနှစ်က မျက်နှာပြင်ခေါက်လို့ရတဲ့ ဖုန်းတွေကို ရှေ့ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ Samsung ရဲ့ ခေါက်ဖုန်း တင်ပို့ ရောင်းချမှုဝေစုဟာ ၂၀၂၂ ခုနှစ်မှာ ၈၁ % ကနေ ၂၀၂၃ ခုနှစ်မှာ ၆၃ % အထိ ကျဆင်းသွားတဲ့အတွက် ဗုဒ္ဓဟူးနေ့ မိတ်ဆက်မှုက အရေးကြီးတယ်လို့ သိရပါတယ်။

Samsung ဟာ စမတ်နာရီတွေလို ဖုန်းဆက်စပ် ပစ္စည်းတွေအတွက် လိုအပ်ချက်အသစ်တွေ မောင်းနှင်ဖို့ ပိုမိုခေတ်မီတဲ့ ကျန်းမာရေးစောင့်ကြည့်မှု စွမ်းရည်တွေ လည်း ကမ်းလှမ်းထားပါတယ်။ လွယ်ကူတဲ့ ကျန်းမာရေးစောင့်ကြည့်မှုနဲ့ စခရင် ထိန်းချုပ်မှုအတွက် လက်စွပ် အသစ်တစ်မျိုးကိုလည်း ထုတ်ပြခဲ့တယ်လို့ သိရပါတယ်။