ChatGPT ထုတ်လုပ်သူ OpenAI ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကနေ အကျိုးအမြတ်ရရှိရေးကုမ္ပဏီ အဖြစ် ပြောင်းလဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုတရားရုံးမှာ OpenAI နဲ့ အီလွန်မတ်စ် ရှေ့နေတွေ တရားရင်ဆိုင်နေရကြောင်း The New York Times သတင်းမှာ ရေးသားထားပါတယ်။

OpenAI အနေနဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအဖြစ်ကနေ အကျိုးအမြတ်အတွက် ကော်ပိုရေးရှင်းအဖြစ် ကူးပြောင်း တာကို မဟန့်တားရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အမြန်ဆုံး တားဆီးဖို့အတွက် အီလွန်မတ်စ်ရှေ့နေတွေက တရားရုံးမှာ ထုတ်ဖော်ပြောကြားလာတာပါ။

အခုလို တရားရင်ဆိုင်ရမှုက နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက် ပြီး စိုးရိမ်ပူပန်တာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားရုံး တရားသူ ကြီးက ပြောကြားထားပါတယ်။ အမေရိကန်ပြည်ထောင်စုဖက်ဒရယ်တရားရုံးရှိ တရားသူကြီးတွေကလည်း အီလွန် မတ်စ် ရှေ့နေတွေ ပြောကြားလာတာကိုထောက်ခံပြီး တရားမျှတမှုရရှိရေးအတွက် အကောင်းဆုံး ဆောင်ရွက် သွားမယ်လို့ ပြောကြားလာပါတယ်။