ဒိန်းမတ် ဇီ၀နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဘာဗေးရီးယား နော်ဒစ်ဟာ ကြိုတင်အော်ဒါအမှာစာတွေ မရရှိ သေးပေမဲ့ အမ်ပေါက်စ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုကို အရှိန်မြှင့်သွားဖို့ စဉ်းစားနေပါတယ်။

အခုအပတ် အတွင်း လုပ်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဆွေးနွေးမှုအပေါ် အခြေခံပြီး အခုလို စဉ်းစားသုံးသပ်မှု လုပ်နေ တာလို့ ကုမ္ပဏီရဲ့ စီအီးအို ပေါလ် ချက်ပလင်က ရိုက်တာကို အင်္ဂါနေ့က ပြောကြားခဲ့တာပါ။

တခြားကာကွယ်ဆေး ထုတ်လုပ်နေရာကနေ အမ်ပေါက်စ်ကာကွယ်ဆေးကို ပြောင်းထုတ်ဖို့ ထုတ်လုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ပြောင်းလဲရတာက အချိန်ယူရတယ်လို့ ဆိုပါတယ်။

ဒီအတွက် အမ်ပေါက်စ်ကာကွယ်ဆေးကို စွန့်စားပြီး ထုတ်ရ မလား ဒါမှမဟုတ် စာချုပ်ချုပ် လက်မှတ်ရေးထိုးမှုတွေ လုပ်နိုင်ပြီးမှ ထုတ်ရမလားတာကို စဉ်းစားဆုံးဖြတ်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့ စီအီးအို ပေါလ် ချက်ပလင် က ပြောပါတယ်။

WHO အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့အထဲမှာ ကမ္ဘာ့ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ ဂါဗီ ၊ အာဖရိက ရောဂါထိန်းချုပ်ရေးစင်တာ (CDC) ၊ အာဖရိကတိုက်က အစိုးရအဖွဲ့ တစ်ဖွဲ့ချင်းနဲ့ တခြား ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့တယ်လို့ စီအီးအို ချက်ပလင်က ပြောပါတယ်။