ဒေသတွင်း မတည်မငြိမ်ဖြစ်မယ့်အလားအလာကို စိုးရိမ်တာကြောင့် ဆော်ဒီအာရေဗျ ဘုရင် က သားတော် ကို စေအီရန် အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီဆီစေလွှတ်ပြီး သတိပေးစာပေးပိုခဲ့ ကြောင်း ပင်လယ်ကွေ့အစိုးရအသိုင်းအဝိုင်း နဲ့နီးစပ်သူ အီရန်အရာရှိနှစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတိပေးစာအတွင်း နျူသဘောတူညီချက် အစ္စရေးနဲ့ စစ်ဖြစ်နိုင်ချေကို ရှောင်ရှားဖိုအတွက် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းချက်ကို အလေးအနက်ထား ဆွေးနွေးဖို ပြောကြားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုဖြစ်နိုင်ခြေကို ရင်ဆိုင်ခြင်းထက် အမေရိကန်နဲ့ သဘောတူညီချက်တစ်ခုရရှိခြင်းက ပိုမိုကောင်းမွန်မှာ ဖြစ်ကြောင်း ဆော်ဒီဝန်ကြီးက ပြောကြားထားပါတယ်။

ဂါဇာနဲ့ လက်ဘနွန်တိုမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် တင်းမာမှုတွေ ထပ်မံတိုးလာနေတဲ့အတွက် နောက်ထပ် ဒေသတွင်း တင်းမာမှုတွေ ထပ်မံတိုးလာမှာကိုလက် မခံနိုင်ကြောင်း ဆော်ဒီဝန်ကြီးက နိုင်ငံခြားသံတမန်တစ်ဦးကိုပြောကြားထားပါတယ်။တစ်ဖက်မှာလည်း ထရမ့်အစိုးရ အဖွဲက နျူကလီးယား သဘောတူညီချက်တစ်ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လိုကြောင်းနဲ့ သံတမန်ရေးဆိုင်ရာ ပြတင်းပေါက်ကို အမြန်ပိတ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။