ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာဇွန်လ ၁၄ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မိနစ် ၅၀ ကြာ ဖုန်းဆက်သွယ် စကားပြောဆိုခဲ့ပြီး အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှူတ်ချကြောင်း ပူတင်က ပြောခဲ့တယ်လို ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရိုက်တာရဲ့ ဖော်ပြချက်အရ ပူတင်ရော ထရမ့်ရော နှစ်ဦးစလုံးက အစ္စရေးနဲ့ အီရန်အကြား စစ်ပွဲကို ရပ်တန့်ဖို လိုအပ်တယ်လို သဘောတူခဲ့ကြောင်း သိရပါတယ်။ဗလာဒီမာပူတင်က အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ တိုးမြှင့်လာတဲ့အခြေအနေနဲ့ မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်တွေရှိလာမှာကို စိုးရိမ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ အူရှာကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ထရမ့်ကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးမှုအတွင်း အရှေ့အလယ်ပိုင်းအရေးကို အဓိက ဆွေးနွေးခဲ့ပေမယ့် ယူကရိန်းစစ်ပွဲကိုလည်း ရပ်တန့်ရမယ်လို ရုရှားသမ္မတကို ပြောခဲ့ကြောင်း ရေးသားထားပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို ဆွေးနွေးမှုတွေ ဆက်လုပ်ဖိုလည်း အမေရိကန်က အသင့်ရှိနေတယ်လို အူရှာကော့ဗ်က ပြောပါတယ်။ထရမ့်ဟာ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို ညှိနှိင်းဆွေးနွေးပွဲတွေ လုပ်ဖိုရှိတယ်လိုလည်း အရိပ်အမြွက်ပြောခဲ့ပါတယ်။