အီရန်နဲ့အစ္စရေး နှစ်နိုင်ငံပဋိပက္ခ ပြင်းထန်လာချိန်မှာ အမေရိကန် လေယာဉ်တင်သင်္ဘော USS Nimitz ကို အရှေ့အလယ်ပိုင်းဆီ အင်အားဖြည့်ဖို့ စေလွှတ်တယ်လို့ ပင်တဂွန်က ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ် စစ်ဆင်ရေးလိုအပ်ချက်ကြောင့် သင်္ဘောရဲ့ ဗီယက်နမ်ခရီးစဉ်ကို ပယ်ဖျက်ခဲ့ပြီး အရှေ့တောင်အာရှကနေ ထွက်ခွာခဲ့တယ်လို့လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအပြောင်းအလဲကို အစ္စရေးနဲ့အီရန်ကြား က အဆုံးသတ်ဖို့ လမ်းမမြင်တဲ့ လေကြောင်းတိုက်ပွဲတွေဖြစ်ပြီး လေးရက်မြောက်နေ့မှာ ပြုလုပ်ခဲ့တာပါ။

အခုလို တပ်ဖြန့်ချမှုတွေက ဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် ကာကွယ်ရေးကို တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ open source intelligence စိစစ်သူတွေကလည်း အမေရိကန်လေတပ်ရဲ့ လောင်စာ သယ် လေယာဉ်တွေဟာ ဇွန်လ၁၅ ရက်ကတည်းက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အရှေ့ပိုင်းကို ဦးတည်သွားနေတာကို လေကြောင်းခြေရာခံဆော့ဝဲလ်မှာ ဖမ်းယူရမိထားပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ တယ်လို့ သိရပါတယ်။