အစ္စရေးဘက်က အတင့်ရဲလွန်းတဲ့ တိုက်ခိုက်မှုအတွက် ဆိုးရွားပြင်းထန်တဲ့ ပြစ်ဒဏ်ခံစားရမှာဖြစ်ကြောင်း အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဒီကနေ့ ဇွန်လ ၁၃ ရက်မှာ သတိပေးလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးက အီရန်မြို့တော်ရှိ နျူကလီးယား အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ်တွေကို မဆင်မခြင် ဗုံးကြဲ တိုက်ခိုက်လာတာတွေကြောင့် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာဖြစ်တယ်လို့ သတိပေးလာတာ ဖြစ်ပါတယ်။နျူကလီးယားနဲ့ တာဝေးပစ်ဒုံးစီမံကိန်းတွေရှိတဲ့ မြို့တော်တီဟီရန်က နေရာတွေကို ဒီကနေ့ မနက်ပိုင်းမှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ “အစ္စရေးဘက်က လက်ဦးမှု ရယူ တိုက်ခိုက်ခဲ့တယ်”လို့ အစ္စရေးကာ ကွယ်ရေးဝန်ကြီး ကန့်ဇ်က ဆိုပါတယ်။

အီရန်မြို့တော် တောင်ဘက် မိုင် ၂၅၀ အကွာမှာရှိတဲ့ ယူရေနီယံ သတ္တုသန့်စင်ရေးရဲ့ အဓိက စီမံကိန်းတွေ ဆောင် ရွက်မယ့် အဆောက်အအုံတွေကို သေချာရွေးချယ်ပြီး စစ်ဆင်ရေး စတင်ခဲ့တဲ့ အစ္စရေးကို မကြာခင် အချိန်အတွင်း မှာ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့ အီရန် ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆို လာတာ ဖြစ်ပါတယ်။အစ္စရေးဘက်မှာတော့ အီရန်ရဲ့ တန်ပြန်တိုက်ခိုက်လာတာကို ကာကွယ်ဖို့အတွက် ကျောင်း၊ ရုံးနဲ့ လူစုဝေး သွားလာ တာတွေကို တားမြစ်ထားပါတယ်။ အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ပါဝင်ပတ်သက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။