အီရန်နျူကလီးယားစခန်းတွေနဲ့ တပ်မှူးတွေကို အစ္စရေးက တိုက်ခိုက်နေစဉ် ဇွန်လ ၁၃ ရက်နေ့မှာ အီရန်က အစ္စရေးကို ဒုံးကျည်အချို ပစ်လွှတ် တိုက်ခိုက်ခဲ့ကြောင်း CBS သတင်းမှာပါရှိပါတယ်။

အစ္စရေးက ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် လက်တုံပြန်တဲ့အနေနဲ့ အီရန်က ပဲ့ထိန်းဒုံးကျည် ဒါဇင်နဲ့ချီ အစ္စရေးဘက်ကို ပစ်လွှတ်ခဲ့တာကြောင့် အစ္စရေးနိုင်ငံတစ်ဝှမ်းမှာ သတိပေးချက် ဥသြသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။အီရန် တိုက်ခိုက်မှုကြောင့် အဆောက်အအုံများစွာ ပျက်စီး ပြီး မီး လောင်မှုဖြစ်ပွားခဲ့တဲ့အပြင် လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

အစ္စရေးမှာ ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်တဲ့ Iron Dome ဆိုတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုရှိတာကြောင့် အီရန်ဒုံးကျည်အချိုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို အစ္စရေးကာကွယ်ရေးတပ်ဖွဲက ပြောပါတယ်။လက်ရှိ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ကျရောက်တယ်ဆိုတဲ့ သတင်းတွေကို လက်ခံရရှိထားတဲ့ နိုင်ငံတဝှမ်း နေရာအတော်များများမှာ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲဝင်တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” လို အစ္စရေး စစ်တပ်က ပြောပါတယ်။အီရန် ဒုံးကျည် ပစ်ခတ်မှုအပြီး အစ္စရေးစစ်တပ်က Tel Aviv ရှိ ပျက်စီးသွားတဲ့ အဆောက်အအုံတွေထဲက လူတွေ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို ပြောကြားထားပါတယ်။