ဂါဇာအလယ်ပိုင်းရှိ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဂါဇာလူသားချင်းစာနာထောက်ထားမှုအဖွဲ့က စီမံကွပ်ကဲတဲ့ ကယ်ဆယ်ရေးစခန်းကို ဇွန်လ ၁၀ ရက်က ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ချဉ်းကပ်လာစဉ် အစ္စရေးက ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၇ ယောက်ထက်မနည်း သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရရှိသူတွေကို ဂါဇာအလယ်ပိုင်းရှိ အဲအက်ဒါ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရတယ်လို့လည်း ဆေးပညာရှင်တွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုဟာ အကူအညီပေးပို့တာကို အစ္စရေးက တမင်နှောင့်ယှက်တာဖြစ်တယ်လို့ ဟားမတ်စ်စစ်သွေးကြွ တွေက စွပ်စွဲပြောဆိုထားပါတယ်။ အစားအစာ ဖြန့်ဝေတဲ့နေရာအပြင်ဘက်မှာ အစားအစာတွေ မပေးဝေမီ နာရီ ပိုင်းအလိုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ လို့ အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်း စာနာထောက် ထားမှု ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ပစ်ခတ်မှုကြောင့် အများအပြား ဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေ ရှိထားပေမဲ့ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သေဆုံးသူနဲ့ဒဏ်ရာရရှိသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။