ဂါဇာကမ်းမြှောင်တောင်ပိုင်းက ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးတဲ့ စင်တာအနီးမှာ အစ္စရေးတပ်ဖွဲတွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို ဟားမတ်စ်အဖွဲရဲ့ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။

မနေ့က ဇွန်လ ၇ ရက်မှာ ပါလက်စတိုင်းဒေသခံအများအပြားဟာ ကူညီထောက်ပံ့ရေးစင်တာ အနီးမှာ စားနပ်ရိက္ခာတွေ သယ်ယူဖို စုဝေးနေခဲ့တာဖြစ်ပြီး အစ္စရေးစစ်တပ်က သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။အစ္စရေးစစ်တပ်ဘက်ကတော့ အစ္စရေးတပ်ဖွဲဝင်တွေအနီးကို သံသယရှိဖွယ် ချည်းကပ်လာသူအချိုရှိတာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာလို ဆိုပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း အမေရိကန်နဲ့ အစ္စရေးက ထောက်ပံ့ပေးထားတဲ့ အကူအညီပေးရေးစင်တာအနီးမှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂက ထောက်ပံ့ရေးစင်တာအနီး အစ္စရေးရဲ့ ပစ်ခတ်မှုတွေကို စုံစမ်းစစ်ဆေးဖို တောင်းဆိုထားပြီး ဒီဖြစ်စဉ်တွေကြောင့် ပါလက်စတိုင်းတွေကို အစားအစာနဲ့ ဆေးဝါးထောက်ပံ့မှုမှာ ပိုအခက်အခဲဖြစ်လာပြီး လူနာချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းက ပိုဆိုးရွားလာတယ်လို ပြောထားပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဂါဇာမြိုက လူနေအိမ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပါတယ်။