ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြိုက ထောက်ပံ့ရေးပစ္စည်း ဖြန့်ဖြူးရေး စင်တာတစ်ခုအနီးမှာ အစ္စရေးတင့်ကားတွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့တယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနေ့ ဇွန်လ ၁ ရက် မနက်အစောပိုင်းက ရာဖာမှာရှိတဲ့ အမေရိကန်ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဖြူးရေးစင်တာအနီးမှာ ပါလက်စတိုင်း ဒေသခံ ထောင်နဲ့ချီ စုဝေးနေခဲ့တာဖြစ်ပြီး အစ္စရေးတင့်ကားတွေက လူအုပ်ထဲကို ပစ်ခတ်ခဲ့တာလို ဒေသခံတွေက ပြောပါတယ်။ဒဏ်ရာရသူတွေကို ရာဖာမြိုထဲမှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲရဲ့ ဆေးရုံကို ပိုဆောင်နေကြပြီး ကယ်ဆယ်ရေးအဖွဲတွေအများစုလည်း အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်ဘူးလို သိရပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ (IDF) ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကြက်ခြေနီဆေးရုံက ဆရာဝန်တစ်ဦးကတော့ ဒဏ်ရာရရှိသူ ၅၀ လောက် ဆေးရုံကို ရောက်လာကြောင်း ပြောထားပြီး ပြင်းထန်ဒဏ်ရာရတဲ့လူနာတွေကို ခန်းယူနစ်မှာရှိတဲ့ နက်ဆာဆေးရုံကို လွှပြောင်းပေးဖို ကြိုးပမ်းနေတယ်လို ဆိုပါတယ်။ဂါဇာက အရပ်ဘက်ကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူက ဒဏ်ရာရသူ အရေအတွက်ဟာ အနည်းဆုံး ၁၀၀ ကျော်လောက် ရှိတယ်လို ပြောပါတယ်။အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအပြင် အကူအညီတွေ ဝင်ရောက်ခွင့် အပြင်းအထန်ကန့်သတ်ခံထားရတဲ့ ရာဖာမှာ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ဖြစ်ပေါ်နေတယ်လို ကုလသမဂ္ဂက ပြောထားပါတယ်။