အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အစ္စရေးတိုက်ခိုက်မှုအတွင်း အမေရိကန် ပါ၀င်ပတ်သက်နေတယ်လို အီရန်က စွပ်စွဲပြောဆိုလာတာကို CNA သတင်းမှာဖော်ပြလာပါတယ်။

အီရန် စွပ်စွဲပြောဆိုချက်ကို ဝါရှင်တန်က ငြင်းဆိုခဲ့ပြီး အကျိုးဆက်တွေ အတွက် အပြည့်အဝ တာဝန်ရှိပါတယ်လို တီဟီရန် အရေးပေါ်အစည်းအဝေးမှာ အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက သတိပေးခဲ့ပါတယ်။အစ္စရေး တိုက်ခိုက်မှုတွေက “အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ရပ်” ကို ထိပါးစေတယ်လို အီရန်ခေါင်းဆောင် ကမှတ်ချက်ပြုထားပါတယ်။ အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက်ဇွန်လ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ အီရန်က လက်တုံပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အီရန်ခေါင်းဆောင်က အစ္စရေးဟာ သံတမန်ရေးအရ စေ့စပ်ညှိနှိင်းမှုတွေကို ဖျက်စီးပြီး ဒေသကို ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခအဖြစ် ဆွဲငင်ဖို ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ပြီး ဝါရှင်တန်ရဲ့ ရှုပ်ထွေးမှုတွေက သံသယဖြစ်စရာ အဆင့်ထက် ကျော်လွန်နေတယ်လို ပြောခဲ့ပါတယ်။ဒါ့ကြောင့် အမေရိကန်-အီရန် နျူကလီးယားအရေး ဆဋ္ဌမအကြိမ် ဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့ အိမန်မှာ ကျင်းပဖို စီစဉ်ထားပေမယ့် ရှေ့ဆက်ဖြစ်မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို အီရန်ခေါင်းဆောင် ကပြောခဲ့ပါတယ်။