အီရန်စစ်တပ်နဲ့ နျူကလီးယားတည်နေရာတွေကို အစ္စရေးတိုက်ခိုက်တဲ့အပေါ် ဝိုင်းဝန်းတုံ့ပြန်ကြဖို့နဲ့ စည်းလုံး ညီညွတ်မှု မရှိရင် အရှေ့အလယ်ပိုင်းတစ်ခုလုံး တိုက်ခိုက်ခံရနိုင်တယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက မွတ်ဆလင်နိုင်ငံတွေကို တိုက်တွန်းပြောကြားသွားပါတယ်။

အစ္စရေးက တစ်နိုင်ငံတည်းမဟုတ်ကြောင်း၊ အကြံဉာဏ်၊ အကာအကွယ်နဲ့ အထောက်အပံ့တွေ ရထားကြောင်း၊ အခုအခါ ယီမင်၊ အီရန်နဲ့ ပါလက်စတိုင်းတို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး မွတ်ဆလင်နိုင်ငံတွေအနေနဲ့ စည်းလုံး ညီညွတ်မှု မရှိဘဲ ကိုယ်ကျိုးစီးပွားကိုပဲ အာရုံစိုက်နေမယ်ဆိုရင် တစ်နေ့ကျ ကိုယ့်အလှည့်ဆိုတာ ရောက်လာမှာ ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အီရန်ဘက်က ရပ်တည်ပြီး ကူညီပံ့ပိုးပေးသွားမယ်ဆိုတဲ့အကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ပြောကြားသွားတာပါ။

ဇွန်လ ၁၃ ရက်တုန်းက အစ္စရေးဂျက်လေယာဉ်တွေဟာ အီရန်စစ်တပ်နဲ့ နျူကလီးယားတည်နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အီရန်စစ်တပ်အကြီးအကဲတွေနဲ့ နျူကလီးယားသိပ္ပံပညာရှင် အများအပြား သေဆုံးခဲ့ရပါ တယ်။ ဒီတိုက်ခိုက်မှုတွေဟာ အီရန်ကို နျူကလီးယား လက်နက်တွေ မရနိုင်အောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ဆိုပါတယ်။အပြန်လှန်အနေနဲ့ တဲလ်အဗစ်မြို့ အပါအဝင် အစ္စရေးမြို့တော် အတော်များများကို အီရန်က ဒရုန်းတွေ၊ ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကိစ္စမှာ အမေရိကန်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပြီး အီရန်က ဝါရှင် တန်နဲ့ နျူကလီးယားဆွေးနွေးပွဲကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။