ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ်ဘုရားဖူးရာသီအတွက် လုပ်ငန်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်လိုက် ပါတယ်။ ကမ္ဘာတစ်ဝန်းက လာရောက်တဲ့ ဘုရားဖူးတွေအတွက် ဘေးကင်းလုံခြုံရေး၊သက်သောင့်သက်သာရှိရေးနဲ့ ထိရောက်မှုရှိစေဖို့ ရည်ရွယ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာနဲ့ဒီဂျစ်တယ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို ဆော်ဒီအာရေဗျနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ထားပါတယ်။

ဟာ့ဂျ်ဘုရားဖူးရာသီအတွက် လုပ်ငန်းစဉ်တွေ ချောချောမွေ့မွေ့ဖြစ်စေဖို့ ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင် ရေးနဲ့ဆိုင်တဲ့ ဝန်ထမ်း ၄၅၀၀၀ ကျော် ချထားပြီးဖြစ်တယ်လို့လည်း သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဘုရားဖူးတွေ သွားလာတဲ့လမ်းခရီးမှာ ကျပ်သိပ်ပြီး အဆင်မပြေတာမျိုး မရှိရလေအောင် ဟာ့ဂျ်ဘုရားဖူး တစ်ရာ သီလုံး Haramain အမြန်ရထားနဲ့ ခရီးအခေါက်ပေါင်း ၄၇၀၀ အထိ ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။ ဒီပြေးဆွဲမဲ့ ခရီးစဉ်မှာ ခရီးသည်ပေါင်း နှစ်သန်းအထိ သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထူးနည်းပညာအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဘုရားဖူးတွေအတွက် ဒုတိယအဆင့်လုပ်ငန်းစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း ကိုလည်း ဆော်ဒီအာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။ဒီဂျစ်တယ်နည်းပညာစနစ်တွေက ဘုရားဖူးတွေအတွက် အတွေ့အကြုံကောင်းကောင်း ခံစားနိုင်ဖို့ လုပ်ဆောင် ရာမှာ အဓိကအရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ လမ်းညွှန်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေ ကနေတစ်ဆင့် သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်တဲ့အထိ ဒီဂျစ်တယ်စနစ်က ကူညီပေးမှာ ဖြစ်ပါတယ်။