မဝေးတော့တဲ့ အနာဂတ်မှာ တိုက်ခိုက်လာတော့မယ့် လက်တုံ့ပြန်မှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့အတွက် အမေရိကန်ကို အီရန် ဉသျှောင် အယာတိုလာ ခါမေနီက သတိပေးပြောကြားလာတာကို CNN သတင်းမှာပါရှိပါတယ်။

မကြာခင် အီရန် ဘက်ကလာတော့မယ့်တိုက်ခိုက်မှုတွေကိုရင်ဆိုင်နိုင်ဖို့ အမေရိကန်အနေနဲ့ ခံနိုင်ရည်ရှိအောင်အကောင်းဆုံး ကြိုးစားထားဆိုပြီး အယာတိုလာ ခါမေနီ က အီရန်နိုင်ငံပိုင်ရုပ်သံမိန့်ခွန်း တစ်ခုမှာ ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။လေလှိုင်းပေါ်က အမေရိကန်-အစ္စရေး ခြိမ်းခြောက်ပြောဆိုမှုတွေက အားပျော့နေသေးတဲ့အပြင် တကယ်လို့အီရန်ဘက်က တိုက်ခိုက်လာခဲ့ရင် ရဲရဲဝံ့ဝံ့ အံတု နိုင်ဖို့ကို အခုကတည်းက ကြိုတင် ပြင်ဆင် တို က်ပွဲဝင်လေ့ကျင့်ထားဆိုပြီး ခါမေနီက ပြင်းထန်စွာသတိပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ့် အီရန်ရဲ့ ကတိကိုအကောင်အထည်ဖော်တော့မှာဖြစ်ပြီး ဒေသအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေ တွေအတွက် အကောင်းဆုံးတန်ပြန်မှုတွေ ပြုလုပ်သွားမှာလို့ သူက ပြောပါတယ်။ဇွန်လ ၂၄ ရက်နေ့က အစ္စရေး- အီရန် နှစ်နိုင်ငံကြားမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြပြီး အဲဒါက ကြာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ဦးတည်လိမ့်မယ်လို့ ထရမ့်က ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကြေညာပြီးနှောင်းပိုင်းမှာဘဲ အစ္စရေး- အီရန်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။