ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန် အထူးသံတမန် Steve Witkoff ရဲ့ အဆိုပြုချက်ကို ဟားမတ်စ်က သဘောတူခဲ့ကြောင်း ပါလက်စတိုင်းအရာရှိတစ်ယောက်က မေလ ၂၆ ရက်မှာ ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြပါရှိပါတယ်။ ဟားမတ်စ်က ဓားစာခံ သဘောတူညီချက်နဲ့ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ Steve Witkoff က ပြောပါတယ်။

ရက် ၇၀ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်နေတာတွေ တစ်စိတ်တစ်ပိုင်း နုတ်ထွက် ရေးအပြင် ဟားမတ်စ်က ဖမ်းဆီးထားတဲ့ အသက်ရှင်ကျန်ရစ်တဲ့ အစ္စရေးဓားစာခံ ၁၀ ယောက်ကို လွှတ်ပေးဖို့ တွေ အဆိုပြုချက်မှာ ပါ၀င်တယ်လို့ သိရပါတယ်။အစ္စရေးကတော့ အဲဒီအဆိုပြုချက်ကို ပယ်ချခဲ့ပြီး သဘောတူညီချက်ကို လက်မခံနိုင်ကြောင်းနဲ့ Witkoff အဆိုပြု ထားတဲ့ သဘောတူညီချက်တွေကိုလည်း ပယ်ချကြောင်း အစ္စရေးအရာရှိတစ်ယောက်က ပြောဆိုထားပါတယ်။