ပါလက်စတိုင်းများစွာသေဆုံးခဲ့ရတဲ့အတွက် ဂါဇာကို ဘယ်လို အကူအညီမှ ပေးပို့တာမျိုး မလုပ်တော့ဘူးလို့ အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းက ဇွန်လ ၃ ရက်မှာ ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်းက ပါလက်စတိုင်း များစွာ သေဆုံးပြီးနောက် တစ်ရက်အကြာမှာ အကူအညီပေးပို့ရေး ဖြန့်ချီရာနေရာတွေမှာ အရပ်သားလုံခြုံရေးကို မြှင့်တင်ဖို့ အစ္စရေးကို ပြောဆိုထားတဲ့ကြားက ပါလက်စတိုင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် အခုလို ပြောကြား ခဲ့တာပါ။ ကျွန်တော်တို့ ထိပ်တန်းဦးစားပေးက အကူအညီတွေလက်ခံရရှိဖို့ ရောက်လာတဲ့ အရပ်သားတွေ ဘေးကင်းရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြား ထားပါတယ်။

အစ္စရေးစစ်တပ်က အရပ်သားတွေ အကူအညီယူနေတာကို ရွှေ့ပြောင်းဖို့ ကြိုတင်အသိပေးတာမရှိဘဲ တိုက်ခိုက် တာတွေ ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းများစွာ သေဆုံးခဲ့ပြီးနောက် အကူအညီတွေ ပေးပို့တော့မှာ မဟုတ်ကြောင်း အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်းက တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။