အီရတ်နိုင်ငံ ဘဂ္ဂဒက်မြိုမှာ မေလ ၁၇ ရက်က ကျင်းပခဲ့တဲ့ အာရပ်နိုင်ငံများထိပ်သီးညီလာခံမှာ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ဖိုနဲ့ ပါလက်စတိုင်းနယ်မြေတွေဆီကို ခြွင်းချက်မရှိ အကူအညီပေးခွင့်ပြုဖို အာရပ်ခေါင်းဆောင်တွေက ပြောကြားခဲ့တယ်လို AP သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ပွဲပြီးသွားတာနဲ့ အဲဒီဒေသ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးသွားမယ်လိုလည်း အာရပ်ခေါင်းဆောင် တွေက ကတိကဝတ် ပြုခဲ့ကြပါတယ်။အစ္စရေးအနေနဲ့ အာရပ်နိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ရင်တောင် နိုင်ငံတကာ ဥပဒေနဲ့အညီ ပါလက်စတိုင်းနိုင်ငံတစ်ခု မတည်ထောင်နိုင်သရွေ့ အရှေ့အလယ်ပိုင်းဒေသမှာ တရားမျှတပြီး တည်တံ့တဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို ခက်လိမ့်မယ်လို အီဂျစ်သမ္မတက ပြောကြားခဲ့ပါတယ်။ ဒီလို လူမျိုးတုံးသတ်ဖြတ်မှုဟာ သမိုင်းတစ်လျှောက်မှာ တစ်ခါမှမတွေ့ဖူးခဲ့တဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လိုလည်း အီရတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ထိပ်သီးညီလာခံကို စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်နဲ့ UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်တို တက်ရောက်ခဲ့ကြပြီး ဂါဇာမှာ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစားခံတွေကို လွှတ်ပေးဖိုနဲ့ အဲဒီနယ်မြေဆီကို အကူအညီပေးခွင့်ပြုဖို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းတွေကို နေရပ်ကနေ အတင်းအကျပ် စွန့်ခွာခိုင်းတာကို ကုလသမဂ္ဂက ကန့်ကွက်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။အာရပ်နိုင်ငံများထိပ်သီးညီလာခံမှာ ပြန်လည်ထူထောင်ရေးအတွက် ဂါဇာနဲ့ လက်ဘနွန်ကို အမေရိကန် ဒေါ်လာ သန်း၂၀ စီ ပေးနိုင်ဖို အာရပ်ရန်ပုံငွေဖွဲစည်းသွားသွားဖို အာရပ်ခေါင်းဆောင်တွေက ကတိပြု ပြောကြားခဲ့တယ်လို သိရပါတယ်။