အမေရိကန်က အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်နဲ့ ပတ်သက်လို ဟားမက်စ်အဖွဲက ဂါဇာမှာ အပြီးတိုင် အပစ်အခတ်ရပ်စဲဖိုအတွက် ပြန်လည် တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က ဂါဇာမှာ ရက် ၆၀ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အဆိုပြုထားတာဖြစ်ပြီး ဒီအစီအစဉ်အရ ဟားမက်စ်အဖွဲက အစ္စရေး ဓားခံတွေကို ပြန်လွှတ်ပေးဖိုနဲ့ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို အဆိုပြုထားပါတယ်။ဟားမက်စ်အဖွဲက အမေရိကန် အဆိုပြုထားတဲ့အတိုင်း အသက်ရှင်လျှက်ရှိနေတဲ့ အစ္စရေးဓားစာခံ ၁၀ ဦးနဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဓားစာခံ ၁၈ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်ပေးဖို မူအားဖြင့် သဘောတူခဲ့တယ်ဆိုပေမယ့် ဂါဇာမှာ အပြီးတိုင် အပစ်အခပ်ရပ်စဲဖို တန်ပြန်တောင်းဆိုခဲ့တာပါ။

အစ္စရေးစစ်တပ် ဂါဇာကမ်းမြှောင်ကနေ အပြီးတိုင်ဆုတ်ခွာဖိုနဲ့ ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အကန့်အသတ်မရှိ စီးဝင်နိုင်ရေး ဟားမက်စ်က တောင်းဆိုခဲ့ပါတယ်။အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်ကတော့ ဟားမက်စ်ရဲ့ တုံပြန်မှုဟာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်လို ပြောပါတယ်။အစ္စရေးဘက်က ဟားမက်စ်ရဲ့ တောင်းဆိုမှုတွေကို ပယ်ချထားကာ ဟားမက်စ်အဖွဲကို အနိုင်ယူပြီးတော့ ဓားစာခံအားလုံးကို ပြန်ကယ်ဆယ်မယ်လို ကတိပြုထားပါတယ်။ဂါဇာစစ်ပွဲကြောင့် လက်ရှိအချိန်ထိ ပါလက်စတိုင်း အနည်းဆုံး ၅၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။