ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အယ်အာလီဆေးရုံကို ဇွန်လ ၅ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သတင်းထောက် ၃ ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့တယ်လို ဆေးရုံရဲ့အုပ်ချုပ်ရေးပိုင်းကို ဆောင်ရွက်ပေး နေတဲ့ အိန်ဂျလီကန်ဘုရားကျောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါ တယ်။

ဇွန်လ ၅ ရက်မနက်ပိုင်းမှာ အစ္စရေးဘက်က ဆေးရုံကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၅ ဦး သေဆုံးခဲ့သလို ဆေးရုံဝန်ထမ်း ၄ ဦးအပါအဝင် လူ အယောက် ၃၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ပါလက်စတိုင်း သတင်းထောက်များအဖွဲက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို အစ္စရေးဟာ ကြီးမားတဲ့စစ်ရာဇဝတ်မှု ကျူးလွန်တာလို စွပ်စွဲပါတယ်။အစ္စရေးတပ်ဖွဲတွေက ဂျာနယ်လစ်တွေကို တိုက်ခိုက်မှုတွေ တိုးလာနေပြီး ကျွန်တော်တိုရဲ့ အလုပ်တွေကို တားဆီးဖို ကြိုးစားနေတယ်လို အခင်းဖြစ်တဲ့နေရာမှာ ရှိခဲ့တဲ့ ပါလက်စတိုင်း သတင်းထောက် မိုဟာမက် အာမက်က ရိုက်တာကို ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒီဆေးရုံဝင်းထဲမှာ ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်တိုက်ခိုက်ရေးသမားတွေရဲ့ ကွပ်ကဲမှုစင်တာရှိပြီး အဲဒီကို တိုက်ခိုက်ခဲ့တာလို ပြောပါတယ်။ အစ္စရေးဘက်ကတော့ သတင်းသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အရင်တည်းက ငြင်းဆိုထားပါတယ်။ပါလက်စတိုင်းသတင်းထောက်များအဖွဲက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို လက်ရှိအချိန်ထိ ဂါဇာကမ်းမြောင်ဒေသမှာ အသတ်ခံခဲ့ရတဲ့ သတင်းထောက်အရေအတွက် စုစုပေါင်း ၂၂၅ ဦးအထိ ရှိလာပြီလို ပြောခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ကို ထိုးစစ်စတင်ချိန်ကတည်းက အစ္စရေးဟာ နိုင်ငံတကာ မီဒီယာတွေကို ဂါဇာကမ်းမြောင်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပါ။လက်ရှိမှာတော့ ရိုက်တာ၊ BBC, AFP, AP နဲ့ The New York Times အပါအဝင် နိုင်ငံတကာသတင်းဌာနကြီးတွေနဲ့ သတင်းလွတ်လပ်ခွင့် အဖွဲအစည်းပေါင်း ၁၃၀ ကျော်က ဂါဇာကမ်းမြောင်ကို ချက်ချင်းဝင်ရောက် သတင်းရယူခွင့် ပေးဖိုနဲ့ ပါလက်စတိုင်း သတင်းထောက်တွေကို အပြည့်အဝ အကာအကွယ်ပေးဖို တောင်းဆိုထားပါတယ်။