သတ်မှတ်ထားတဲ့စည်းမျဉ်းချိုးဖောက်မှုအတွက် Meta ကို ဒဏ်ကြေးငွေ ယူရို ၂၅၁ သန်းအထိ ဥရောပသမဂ္ဂ ကော်မရှင်က ချမှတ်ခဲ့ကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

Meta အနေနဲ့ ဒေတာချိုးဖောက်မှု ကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ Facebook အကောင့်ပေါင်း ၂၉ သန်းနီးပါး ထိခိုက်ခဲ့ပြီး အဲဒီထဲက ၃ သန်းနီးပါးဟာ ဥရောပသမဂ္ဂမှာ အခြေစိုက်တဲ့အကောင့်တွေ ဖြစ်တာကြောင့် အခုလို ဒဏ်ကြေးငွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။Meta ရဲ့ ဒေတာချိုးဖောက်မှုမှာ ပါဝင်ခဲ့တဲ့ အကောင့်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားခဲ့ တာကြောင့် အခုလို ဒဏ်ရိုက်တဲ့အနေနဲ့ ဒဏ်ကြေးငွေချမှတ်ခဲ့တာဖြစ်တယ်လို့ EU ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားထားပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ အသုံးပြုသူတွေရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါ်ပေါက်ခဲ့တာကို အိုင်ယာလန်နဲ့ အမေရိကန်မှာရှိတဲ့ တာဝန်ရှိသူတွေ တွေ့ရှိပြီးနောက်မှာ အခုလို ဒဏ်ကြေးငွေ ကောက်ခံခဲ့တာဖြစ်ပါတယ်။ ဒေတာကာကွယ်မှု ကော်မရှင်တွေဖြစ်တဲ့ Dr Des Hogan (ဒတ်စ်ဟိုဂန်)နဲ့ Dale Sunderland (ဒေးလ်ဆန်ဒါလန်လ်း)တို့ကလည်း ဒေတာ ဖောက်ဖျက်မှုနဲ့ စပ်လျဉ်းပြီး ပြစ်တင်ရှုံ့ချဝေဖန်မှုတွေ ပြုလုပ်ခဲ့သလို ဒဏ်ငွေကောက်ခံဖို့လည်း တွန်းအားပေးခဲ့တာဖြစ်ပါတယ်။