အစ္စလာမ်မစ်နိုင်ငံအဖွဲ (IS) ရဲ့ ဒုတိယခေါင်းဆောင် အဘူခါဒီယာကို သုတ်သင်နိုင်ခဲ့တယ်လို အီရတ်နဲ့ အမေရိကန်က အတည်ပြု ထုတ်ပြန်ပါတယ်။အမေရိကန်နဲ့ အီရတ်တပ်ဖွဲတွေ ပူးပေါင်းပြုလုပ်တဲ့ မတ်လ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတစ်ခုအတွင်း အခုလို သုတ်သင်နိုင်ခဲ့တာပါ။

အီရတ်အနောက်ပိုင်း အန်ဘာဒေသက IS အခြေစိုက်နေရာတစ်ခုကို မတ်လ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပြီး ဒီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို အမေရိကန် ဗဟိုဌာနချုပ်(Centcom)က X ပလက်ဖောင်းမှာ ထုတ်ပြန်ထားပါတယ်။အဘူခါဒီယာဟာ IS အဖွဲရဲ့ ကမ္ဘာတစ်ဝှမ်းက စစ်ဆင်ရေး၊ ထောက်ပံ့ပိုဆောင်ရေးနဲ့ အစီအစဉ်အားလုံးအတွက် တာဝန်ရှိသူဖြစ်ပြီး IS အဖွဲအတွက် ဘဏ္ဍာငွေရရှိဖို အဓိက စီစဉ်သူလည်း ဖြစ်ပါတယ်။

အဘူခါဒီယာကို အခင်းဖြစ်တဲ့နေရာမှာ နောက်ထပ် IS အဖွဲဝင်တစ်ယောက်နဲ့အတူ သေဆုံးနေတာကို မြင်တွေ့ခဲ့ရပြီး သေဆုံးသူဟာ အဘူခါဒီယာဖြစ်ကြောင်းကို DNA တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့တယ်လို Centcom က ထုတ်ပြန်ပါတယ်။အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ် ဆူဒါနီက အဘူခါဒီယာဟာ အီရတ်နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် အန္တရာယ်အကြီးဆုံး အကြမ်းဖက်သမားတစ်ဦးဖြစ်တယ်လို ဆိုပါတယ်။