အိန္ဒိယရဲ့ ဆီလီကွန်ဗယ်လီလို့ လူသိများတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာ မိုးသည်းထန်ပြီး ရေကြီး ရေလျှံတာတွေ ဖြစ်တဲ့အတွက် အနည်းဆုံး လူ ၃ ယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ ဘန်ဂါလူရူမြို့ဟာ အိန္ဒိယနဲ့ ကမ္ဘာတစ်ဝန်းက ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေ အခြေစိုက်တဲ့ နေရာ ဖြစ်တဲ့အတွက် အိန္ဒိယရဲ့ ဆီလီကွန်ဗယ်လီလို့ ခေါ်ဆိုကြတာပါ။

မြို့တွင်းက လမ်းတွေမှာ ရေတွေပြည့်နေတာကြောင့် နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ကပ္ပလီပင်လယ်ပြင်မှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေတဲ့အတွက် မိုးရွာသွန်းမှု ပိုတိုးလာနိုင်တယ်လို့ အာဏာပိုင် တွေက သတိပေးထားပြီး ရေကြီးမှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက် လည်း ပါဝင်ပါတယ်။မြို့တွင်းက နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့မေလ ၁၉ ရက်က မိုးရေချိန် ၄ လက်မအထိ ရွာသွန်းခဲ့ပြီး ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် သစ်ပင်တွေ ပြိုလဲတာနဲ့ လမ်းတွေပိတ်ဆို့တာအပြင် နေအိမ်အချို့ ပျက်စီးတာတွေလည်း ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါ တယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘန်ဂါလူရူမြို့မှာ ရေကြီးမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အုပ်ချုပ်ရေးအာဏာပိုင်တွေ က ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွယ်တယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။ ဆော့ဖ်ဝဲလ်ကုမ္ပဏီပေါ င်း ၄၅၀ ကျော်ကို ကိုယ်စားပြုတဲ့ သတင်းအချက်အလက်နည်းပညာအသင်း(AIT)ရဲ့ ဥက္ကဋ္ဌကတော့ မကြာခဏ ရေကြီးမှုဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။