ပါကစ္စတန်ဘက်မှာရှိတဲ့ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်တဲ့ နေရာတွေကို အိန္ဒိယက တိကျတဲ့ တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်လာတာနဲ့ပတ်သက်လို့ အစ္စရေးနိုင်ငံက အိန္ဒိယရဲ့ မိမိကိုယ်ကို ကာကွယ်ခွင့်အပေါ် ထောက်ခံမှု တွေ ဖော်ပြလာတယ်လို့ အိန္ဒိယရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Business Standard သတင်းစာရဲ့ ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယဆိုင်ရာ အစ္စရေးသံအမတ်ကြီးက အိန္ဓိယရဲ့ မိမိကိုယ်ကို ကာကွယ်ခွင့် အခွင့်အရေးကို ထောက်ခံပါတယ် ဆိုတာကို X လူမှုမီဒီယာ ပလက်ဖောင်းကနေ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမား တွေအနေနဲ့ အပြစ်မဲ့သူတွေကို ကျုးလွန်ခဲ့တဲ့သူတို့ရဲ့ ရာဇဝတ်မှုတွေကနေ ပုန်းရှောင်စရာ နေရာမရှိဘူးဆိုတာ သိထားသင့်တယ်လို့ အစ္စရေး သံအမတ်ကြီး ရူဘန် အဇား (Reuven Azar)က ရေးသားထားပါတယ်။

အိန္ဒိယရဲ့ ကက်ရှ်မီးယားဘက်အပိုင်းမှာ ခရီးသွားတွေ ပစ်ခတ်ခံရမှု ဖြစ်ပွားပြီး နောက်တစ်ရက်မှာ အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟုကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီဆီ အဲဒီဖြစ်ရပ်အတွက် ကြေကွဲ ဝမ်းနည်းကြောင်း X လူမှုမီဒီ ယာ စာမျက်နာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာ သူတို့ရဲ့ စစ်ဆင်ရေးကို မေလ ၇ ရက် စောစောပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို Operation Sindoor လို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။