အိန္ဒိယဝန်ကြီးချုပ် နရန်ဒါမိုဒီက မေလ ၁၄ ရက် မနက် ၁၁ နာရီအချိန်က နယူးဒေလီမှာ လုံခြုံရေး ကက် ဘိနက် အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။ ဒီအစည်းအဝေးမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနဲ့ထောက်လှမ်းရေးအဖွဲ့အစည်းက ထိပ်တန်းအရာရှိတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဓိကဆွေးနွေးတာကတော့ နိုင်ငံတော်လုံခြုံရေး ဆင်ဒူးစစ်ဆင်ရေး နောက်ဆက်တွဲ အခြေအနေတွေနဲ့ Pahalgam အနီး (ပါဟာဂမ်)အကြမ်းဖက်တိုက်ခိုက်မှုတွေအကြောင်းကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံအပေါ် နောက်ထပ် ဗျူဟာမြောက်တုံ့ပြန်ဖို့အကြောင်းတွေလည်း ပါဝင်ပါတယ်။ ဒီအစည်းအဝေးမှာ အဓိက ထည့်သွင်းဆွေးနွေးတဲ့အရာတွေကတော့ လက်ရှိရထားတဲ့ စစ်ရေးသတင်း တွေကို ပြန်လည်ဆန်းစစ်တာ၊ အိန္ဒိယစစ်တပ်ရဲ့ကာကွယ်ရေးလုပ်ဆောင်မှုတွေကို အကဲဖြတ်တာနဲ့ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် သံတမန်နည်းနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အကြောင်း တွေ ပါဝင်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသက်ဆုံးရှုံးခဲ့တဲ့ ပါဟာဂမ်တိုက်ခိုက်မှုကြောင့် အစိုးရအနေနဲ့ မဟာဗျူဟာ ပြန်လည်သုံးသပ်မှုတွေနဲ့ ဖြစ်လာမယ့် လက်တုံ့ပြန်မှုတွေကို အရေးတကြီး လုပ်ဆောင်ဖို့ ဖြစ်လာစေပါ တယ်။ ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့ လုံခြုံရေးကက်ဘိနက်အစည်းအဝေးကို ပန်ဂျပ်ပြည်နယ် Adampur လေတပ်စခန်းက အိန္ဒိယစစ်သားတွေနဲ့တွေ့ဆုံပြီး နောက်တစ်ရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။