အနာဂတ်မှာ ဘယ်လိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အိန္ဒိယဝန်ကြီး ချုပ် နရန်ဒရာမိုဒီက မေလ ၁၂ ရက်မှာ ပြောကြားခဲ့တာကို AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပါကစ္စတန်နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေမှာ နျူကလီးယားခြိမ်းခြောက်မှုတွေ ပြုလုပ်ရင် နယူးဒေလီအစိုးရက သည်းခံနေမှာ မဟုတ်ဘူးလို့ သတိပေးသွားခဲ့သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုးရွားတဲ့ နျူကလီး ယားစစ်ပွဲကို တားဆီးပြီး အကျိုးဆောင်ပေးခဲ့တယ်လို့လည်း မိုဒီက ပြောကြားခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခဟာ ၁၉၉၉ ခုနှစ်က နှစ်နိုင်ငံ သဘောထားကွဲလွဲမှု ဖြစ်ပွားခဲ့ပြီး နောက် အပြင်းထန်ဆုံး ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း နှစ်နိုင်ငံကြား ပြင်းထန်တဲ့စစ်ပွဲတွေ ဖြစ်လာမှာကို ကမ္ဘာတစ်ဝန်းက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။တိုက်ခိုက်မှုအသစ်တွေပြုလုပ်လာရင် တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိတွေက အသီးသီး ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကတော့ ပစ်ခတ်မှုရပ်စဲရေးအတွက် နှစ်နိုင်ငံက အကြီးတန်းအရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။