ပြီးခဲ့တဲ့လက အိမ်နီးချင်း တောင်အာရှနှစ်နိုင်ငံအကြား စစ်ရေးပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အိန္ဒိယအစိုးရ ကန့်ကွက်နေတဲ့ကြားကနေ ပါကစ္စတန်ဟာ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)ကနေ ဒေါ်လာသန်း ၈၀၀ ချေးငွေရသွားခဲ့တယ်လို့ ဘလွန်းဘာ့ဂ်သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယဟာ ပါကစ္စတန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်မြင့်မားလာမှုတွေ၊ အုပ်ချုပ်မှုအားနည်းတာတွေနဲ့ စီးပွားရေးကိစ္စတွေမှာ စစ်တပ်ရဲ့ပုံမှန်ထက် ပါဝင်နေမှုတွေကို အသားပေးပြောထားပေမယ့် မနီလာ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်က ပါကစ္စတန်ရဲ့ ဘဏ္ဍာရေးအခြေအနေခိုင်မာပြီး ပြည်သူ့ဘဏ္ဍာငွေ တွေ တိုးပွားလာစေဖို့ ဒေါ်လာသန်း ၈၀၀ ထုတ်ချေပေးခဲ့တာဖြစ်ပါတယ်။အိန္ဒိယအနေနဲ့ ပါကစ္စတန်ကို ချေးငွေပေးတာတွေ ရပ်ထားဖို့ ကမ္ဘာ့ချေးငွေအဖွဲ့အစည်း အတော်များများ ကို ချဉ်းကပ်တိုက်တွန်းခဲ့ပေမဲ့ အိမ်နီးချင်းနိုင်ငံကို ချေးငွေ အထောက်အပံ့ မရအောင် တားဆီးရာမှာ အခက်ကြုံနေတာ ဖြစ်ပါတယ်။