ပါကစ္စတန်ဘက်က မေလ ၈ ရက် ညနေပိုင်းက လက်တုံ့ပြန် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နဲ့ဒရုန်းတွေကို အိန္ဒိယက တားဆီးနိုင်ခဲ့တယ်လို့ The Guardian သတင်းမှာ ရေးသားထားပါတယ်။ ပါကစ္စတန် ဒုံးကျည်တွေနဲ့ဒရုန်းတွေဟာ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား၊ ပန်ဂျပ်နဲ့ ရာဂျက်စသန်မြို့တွေကို ထိမှန်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အိန္ဒိယက ပြော ပါတယ်။

ဒုံးကျည်တွေနဲ့ဒရုန်းတွေကြောင့် ပေါက်ကွဲသံတွေ ကြားနေရပြီး တစ်ညလုံး အိပ်မရဘူးလို့ အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားမှာ နေထိုင်သူတွေက ပြောပါတယ်။အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက စစ်စခန်းတွေကို ပစ်မှတ်ထား ပစ်လွှတ်လိုက်တဲ့ ပါကစ္စတန်က ဒုံးကျည် ရှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ပါကစ္စတန်က ဒုံးကျည်တွေနဲ့ဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဒေသခံတွေ အထိတ်တလန့်နဲ့ ကျီးလန့်စာစား နေထိုင်နေရတယ်လို့ ဆိုပါတယ်။

မေလ ၇ ရက် အစောပိုင်းက ပါကစ္စတန်ကို အိန္ဒိယရဲ့ ဒုံးကျည်နဲ့ပစ်ခတ်မှုကြောင့် လူ ၃၁ ယောက် သေဆုံးပြီး နောက် နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြား ပဋိပက္ခတွေ ပိုမိုတိုးလာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယရဲ့ တိုက်ခိုက်မှုက ဆယ်စုနှစ်တွေအတွင်း ပါကစ္စတန်ကို အကျယ်ပြန့်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ဒါဟာ ဆိုးရွားတဲ့ လုပ်ရက်တစ်ခုဖြစ်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ်က မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။