ကက်ရှ်မီးယားဒေသကို အိန္ဒိယက မေလ ၆ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုက ဆယ်စုနှစ် နှစ်ခုကျော်အတွင်း နျူကလီး ယား လက်နက် ပိုင်ဆိုင်တဲ့ရန်သူတွေကြား ဖြစ်ပွားတဲ့ အဆိုးရွားဆုံးတိုက်ပွဲတစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ထားကြပါတယ်။

ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၈၀ နီးပါးကြာ နယ်မြေအငြင်းပွား မှုတွေ ဖြစ်ပေါ်နေတဲ့ အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာ အိန္ဒိယရဲ့ ထိုးစစ်ဆင်တာတွေ ပိုမိုမြင့်တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။အခုစစ်ဆင်ရေးကို “ Operation Sindoor” လို့ အမည်ပေးထားပြီး အိန္ဒိယကတော့ “ အကြမ်းဖက်အခြေခံ အဆောက်အအုံ” တွေ အဖြစ်သတ်မှတ်ထားတဲ့ ပါကစ္စတန်ရှိ နေရာ ၉ ခုကို မေလ ၆ ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။