အိန္ဒိယက ကက်ရှ်မီးယားဒေသမှာ ရေလှောင်ကန်အရွယ်အစားတိုးမြှင့်ဖို့ ရေအားလျှပ်စစ်စီမံကိန်း ၂ ခုကို စတင် ဆောင်ရွက်နေပြီကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်းတွေက ပါကစ္စတန်နဲ့ ဆက်ဆံရေး တင်းမာလာမှုကြောင့် ရေအရင်းအမြစ် မျှဝေသုံးစွဲမဲ့ သဘောတူညီချက်ကို ရပ်ဆိုင်းပစ်ပြီးနောက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လက ကက်ရှ်မီးယားမှာ အရပ်သား ၂၆ ယောက် သေဆုံးတဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်က ကျောထောက် နောက်ခံပေးထားတယ်ဆိုတဲ့ စွဲချက်နဲ့ ၁၉၆၀ အိန္ဒုမြစ်ရေ သဘောတူညီချက်ကို အိန္ဒိယက ရပ်ဆိုင်းခဲ့တာပါ။

ပါကစ္စတန်ရဲ့ ဆည်မြောင်းစနစ်နဲ့ ရေစွမ်းအားထုတ်လုပ်မှုတို့က အိန္ဒိယကို ဖြတ်စီးလာတဲ့မြစ်တွေကို မှီခိုနေရတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဘက်ကတော့ တိုက်ခိုက်မှုက သူတို့နဲ့မဆိုင်ဘဲ သဘောတူညီချက် ရပ်ဆိုင်းမှုအပေါ် နိုင်ငံတကာဥပဒေအရ အရေးယူတာတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။စီမံကိန်းကြောင့် ပါကစ္စတန် လယ်ကွင်းတွေဆီ ရေပေးသွင်းမှုကို ချက်ချင်းမထိခိုက်နိုင်ပေမယ့် တခြား တူညီတဲ့ စီမံကိန်းတွေ ပြုလုပ်လာရင်တော့ ထိခိုက်လာနိုင်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားထား ပါတယ်။