ကက်ရှ်မီးယားမှာ ပြည်သူတွေ အသက်ဆုံးရှုံးစေတဲ့ တိုက်ခိုက်မှုအပြီးမှာ အစ္စလာမ်မာဘတ်က နယ်နိမိတ် ဖြတ် ကျော်တဲ့ အကြမ်းဖက်မှုကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၃ ရက်မှာ အိန္ဒိယက ပါကစ္စတန်အပေါ် ပြင်းထန်တဲ့ သံတမန်ရေးရာအရေးယူမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။

အရင်ကလို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ အသေးစား တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ ဟိမဝန္တာဒေသမှာ ၂၅ နှစ်တာအတွင်း ပြည်သူတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သေနတ်သမားတွေက လူအယောက် ၂၆ ယောက်နီးပါးကို သတ်ဖြတ်ခဲ့ပြီး နီပေါနိုင်ငံသားတစ်ယောက်ကလွဲပြီး အခြားသေဆုံးသူတွေက အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီကတော့ ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ရာကောင်းပြီး တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ နယူးဒေလီကတော့ သေနတ်သမားတွေရဲ့ သောင်းကျန်းမှုနောက်ကွယ်မှာ အစ္စလာမ်မာဘတ် ရှိတယ်လို့ ပြောခဲ့ပေမဲ့ ပါကစ္စတန်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။